top of page
Search

တန်းခွဲအသစ်ဖွင့်တော့မည်။

  • Writer: Hinthar A Linn Training School
    Hinthar A Linn Training School
  • Aug 9, 2019
  • 1 min read

မင်္ဂလာပါ...... ခေတ်မီဆေးပညာတွေ ထွန်းကားနေတဲ့ ယနေ့ခေတ်ကာလမှာ ကျန်းမာရေးပညာဗဟုသုတရှိသော မိသားစုဝင်တစ်ဦး သင်တို့ အိမ်မှာရှိနေခြင်းဟာ များစွာအကျိုးရှိစေနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အလုပ်အကိုင်ရှားပါးတဲ့ ယနေ့ခေတ်ကာလမှာ ကျန်းမာရေးပညာဗဟုသုတလည်းရ အလုပ်အကိုင်လည်း ရရှိစေနိုင်တဲ့ အသက်မွေးဝမ်းကြောင်းသင်တန်းတစ်ခုကို တက်ခွင့်ရတော့မယ်မှာပဲ ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ ကျွန်တော်တို့ရဲ့ "ဟင်္သာအလင်း"သူနာပြုအကူနဲ့ ဆေးဝါးကျွမ်းကျင် သင်တန်း မှ ကြိုဆိုပါတယ်။ ပညာအရည်အချင်း ၈တန်းရှိရုံမျှနဲ့ ကျားမ မရွေး သူနာပြုအကူတစ်ယောက်ဖြစ်ခွင့်ရတော့မှာဖြစ်ပါတယ်။ ပြည်ပရှိ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့်၊ပြည်တွင်းရှိ ပုဂ္ဂလိက ဆေးရုံကြီး ၊ဆေးခန်းကြီးများတွင် သူနာပြုအကူတစ်ယောက်အဖြစ် ဂုဏ်ယူဝင့်ကြွားစွာ အလုပ်လုပ်ကိုင်လိုသူများ၊ မိသားစုဘိုးဘွားများအတွက် သူနာပြုစုမှု အတတ်ပညာနှင့် ကျန်းမာရေးဗဟုသုတများ ရရှိလိုသူ ညီငယ်၊ညီမငယ်များ ကျားမ မရွေးတက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ အဆင့်မီသင်ရိုးညွှန်တမ်းများကို ဝါရင့်သူနာပြုဆရာမကြီးများမှ စာတွေ့လက်တွေ့ပေါင်းစပ် သင်ကြားပေးမှာဖြစ်သလို မတတ်၊မသိရသည် မရှိရအောင် စိတ်ရှည်သည်းခံစွာဖြင့် စနစ်တကျသင်ကြားပေးမှာဖြစ်တဲ့အပြင် အင်္ဂလိပ်စကားပြော(အခြေခံ)နှင့် ကွန်ပျူတာ(အခြေခံ)တို့ကိုပါ သင်တန်းကြေးပေးစရာမလိုပဲ အခမဲ့(အခမဲ့) ပညာဒါနအနေဖြင့် သင်ကြားပေးမှာဖြစ်ပါတယ်။ သင်တန်းကာလအနေဖြင့် (၃)လတက်ရောက်ရမှာဖြစ်ပြီး စာတွေ့ (၂)လ၊လက်တွေ့(၁)လအားဖြင့် စနစ်တကျ ကြပ်ကြပ်မတ်မတ် သင်ကြားပေးမှာဖြစ်ပါတယ်။သင်တန်းကြေးအနေဖြင့် သူနာပြုအကူ(၃)လသင်တန်းအတွက် (၃၉၀၀၀၀ိ)ကျပ်သာ ကျသင့်မှာဖြစ်ပြီး တစ်လလျှင်(၁၃၀၀၀၀ိ)ကျပ်ဖြင့်. (၃)လအရစ်ကျ စနစ်ဖြင့်လည်း ပေးသွင်းနိုင်မှာ ဖြစ်တာကြောင့် အခြားသင်တန်းများထက် ဈေးနှုန်းသက်သာပြီး ပိုသာကောင်းမွန်လှတဲ့ ပညာရေးဝန်ဆောင်မှုကို ရရှိနိုင်မယ့် သင်တန်းပဲ ဖြစ်ပါတယ်။ သင်တန်းပြီးဆုံးပါက သူနာပြုအကူအောင်မှတ်လက်နှင့်အတူ ကွန်ပျူတာအခြေခံအောင်လက်မှတ်ပါ ထုတ်ပေးမှာဖြစ်တဲ့အတွက် သင်တန်းကြေးတစ်ခုတည်းဖြင့် သင်တန်းဆင်းလက်မှတ် (၂)ခု ပေးတဲ့ တစ်ခုတည်းသော သင်တန်းပဲ ဖြစ်ပါတယ်။ သင်တန်းပြီးဆုံးသွားပါကလည်း ပြည်ပအလုပ်အကိုင်အနေဖြင့် စင်္ကာပူ၊ဂျပန်နိုင်ငံရှိ ကျန်းမာရေးဝန်ဆောင်မှုများတွင် သွားရောက်လုပ်ကိုင်လိုသူများအတွက် ကောင်းမွန်စိတ်ချရသော အေးဂျင့်များဖြင့် အလုပ်အကိုင်ရရှိနိုင်စေရန် ချိတ်ဆက်ကူညီဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ ပြည်တွင်းမှာပဲ လုပ်ကိုင်လိုသူများအနေဖြင့် ပြည်တွင်းရှိ ဆေးရုံကြီးများ၊ဆေးခန်းကြီးများ၊ ဟင်္သာတမြို့ရှိ ဆေးရုံ၊ဆေးခန်းများတွင် အလုပ်အကိုင်ရရှိစေနိုင်ရေးအတွက် ကူညီချိတ်ဆက် ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ အထူးအခွင့်အရေးတစ်ရပ်အနေဖြင့် အခြေခံလစာသိန်း(၂၀)ဝန်းကျင်ရရှိသော ဂျပန်နိုင်ငံရှိဘိုးဘွားရိပ်သာများတွင် သွားရောက်လုပ်ကိုင်လိုသူများအား ဂျပန်ဘာသာစကား (အခမဲ့) (၇)လ သင်ကြားပေးမည့်အပြင် သွားလာမှုကုန်ကျစရိတ် သိန်း(၄ဝ)ခန့်အား လုံးဝပြန်ပေးစရာမလိုပဲ စိုက်ထုတ်ကျခံပေးသော ခိုင်မာစိတ်ချရသော ကုမ္ပဏီနှင့် ချိတ်ဆက်ပေးထားသော တစ်ခုထဲသော သင်တန်းပဲဖြစ်ပါတယ်။ သင်တန်းတက်ရောက်ရန် လိုအပ်သော စာရွက်စာတမ်းများကတော့.... ..မှတ်ပုံတင်မိတ္တူ ..သန်းခေါင်စာရင်းမိတ္တူ ..ပညာအရည်အချင်းထောက်ခံစာ(သို့မဟုတ်)အောင်လက်မှတ် ..လိုင်စင်ပုံ (၄)ပုံ (နောက်ခံအပြာ) တို့ လိုအပ်မှာဖြစ်ပါတယ်။ စက်တင်ဘာလတန်းခွဲအဖြစ်သင်တန်းစတင်ဖွင့်လှစ်မယ့် ရက်ကတော့.... (2.9.2019)(MON) (၂.၉.၂၀၁၉) (တနင်္လာ) နေ့ပဲ ဖြစ်ပါတယ်။လူဦးရေ ကန့်သတ်ထားသည့်အတွက် အမြန်ကျောင်းအပ်ထားဖို့တော့ လိုအပ်ပါတယ်။(၂၆.၇.၂၀၁၉)တနင်္လာနေ့မှစ၍ ကျောင်းအပ်လက်ခံပေးမှာဖြစ်ပါတယ်။ လစဉ်တန်းခွဲအသစ်များ ဖွင့်လှစ်ပေးမှာ ဖြစ်တဲ့အတွက် ယခုမတက်ရောက်နိုင်သေးပါက အဆင်ပြေသောအချိန်မှာ တက်ရောက်နိုင်အောင် စီစဉ်ပေးထားခြင်းပဲ ဖြစ်ပါတယ်။ သင်တန်းတက်ရောက်ရမည့်လိပ်စာကတော့..... အမှတ်(၁၃၃၆)၊တက္ကသိုလ်လမ်းမကြီး၊ဟင်္သာတဘူတာအနီး(ဗူးဘုရားဈေးအနီး)၊မြဝတီရပ်ကွက်၊ဟင်္သာတမြို့။ ဆက်သွယ်ရန် ဖုံးနံပါတ်.... 0975-144 0 144 0975-144 0 145 0975-144 0 146 တို့သို့လည်း အသေးစိတ်ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။ ”ပညာလည်းရ၊အလုပ်ရအောင် ဖော်ဆောင်လေညှင်း၊ဟင်္သာအလင်း”။

 
 
 

Recent Posts

See All
Hinthar A Linn-Nurse Aid And Pharmacist Aid Training School

မင်္ဂလာပါ...... ခေတ်မီဆေးပညာတွေ ထွန်းကားနေတဲ့ ယနေ့ခေတ်ကာလမှာ ကျန်းမာရေးပညာဗဟုသုတရှိသော မိသားစုဝင်တစ်ဦး သင်တို့ အိမ်မှာရှိနေခြင်းဟာ...

 
 
 
မင်္ဂလာပါရှင့်

#၈လပိုင်း(၂၁)ရက်နေ့တန်းခွဲသစ် #ယခုရက်ထဲ #ကျောင်းအပ်လက်ခံပေးနေပါပြီ.... #အကောင်းဆုံးသောရွေးချယ်မှုအတွက် #ဟင်္သာအလင်းသင်တန်းကျောင်းကြီး...

 
 
 
မင်္ဂလာပါရှင့်

#၈လပိုင်း(၂၁)ရက်နေ့တန်းခွဲသစ် #ယခုရက်ထဲ #ကျောင်းအပ်လက်ခံပေးနေပါပြီ.... #အကောင်းဆုံးသောရွေးချယ်မှုအတွက် #ဟင်္သာအလင်းသင်တန်းကျောင်းကြီး...

 
 
 

Comments


Follow

  • facebook

Contact

09751440144

Address

No(1336),University Road,Myawady Ward,Hinthada,Ayeyarwady Division,Myanmar.

©2019 by Hinthar A Linn. Proudly created with Wix.com

bottom of page