top of page
Search

မင်္ဂလာပါရှင့်

  • Writer: Hinthar A Linn Training School
    Hinthar A Linn Training School
  • Aug 16, 2023
  • 2 min read

#၈လပိုင်း(၂၁)ရက်နေ့တန်းခွဲသစ် #ယခုရက်ထဲ #ကျောင်းအပ်လက်ခံပေးနေပါပြီ....

#အကောင်းဆုံးသောရွေးချယ်မှုအတွက် #ဟင်္သာအလင်းသင်တန်းကျောင်းကြီး #ရှိပါတယ်ရှင့်

လူငယ်လူရွယ် သားတို့သမီးတို့ အနေနဲ့ မိမိတို့ရဲ့ တန်ဖိုးရှိလှတဲ့ ကိုယ်ပိုင်အချိန်လေးတွေကို တန်ဖိုးရှိရှိ အသုံးချနိုင်ဖို့ သင်တန်းတွေ တက်ကြ၊ ပညာဗဟုသုတရှာကြတာ များစွာ ဝမ်းမြောက်ကြိုဆိုပါတယ်။

ဒါပေမဲ့ မိမိတို့ ပေးဆပ်လိုက်ရတဲ့ အဖိုးတန်အချိန်တွေ၊ မိမိတို့ ကုန်ကျလိုက်ရတဲ့ ကုန်ကျမှုများဟာ ထိုက်တန်တဲ့ ရင်းနှီးမြှုပ်နှံမှုများ တန်ဖိုးရှိသော ရင်းနှီးမြှုပ်နှံမှုများ ဖြစ်ဖို့ လိုအပ်ပါတယ်။

ထိုသို့ မိမိတို့ ကုန်ကျလိုက်ရတဲ့ အချိန်၊ငွေကြေးတို့နဲ့ ထိုက်တန်တာတွေ ပြန်လည်ရရှိဖို့ ဆိုရင် မှန်ကန်တဲ့ ရွေးချယ်မှုက အထူးအရေးကြီးလှပါတယ်။ အကောင်းဆုံးသော ရွေးချယ်မှုတွေအတွက် တီချယ်တို့ရဲ့ #ဟင်္သာအလင်းသင်တန်းကျောင်းကြီး ရှိပါတယ်။

ယနေ့ခေတ်လို နယ်ပယ်စုံမှာ အတုအပ၊ ဆင်တူရိုးမှားတွေ ပေါများလာသလို ဝိသမလောဘသားတွေဟာ သားတို့သမီးတို့ လူငယ်တွေရဲ့ အနာဂတ်နဲ့ဆိုင်တဲ့ ပညာရေးနယ်ပယ်တွေထိပါ နယ်ချဲ့လာကြတာကို စိတ်မကောင်းစွာ တွေ့မြင်နေကြရပါတယ်။

နည်းပညာခေတ်မှာ Social Media အားကိုးပြီး စကားလုံးလှလှတွေနဲ့ တန်ဆာဆင်ထားတဲ့ For Show တွေ အတုအယောင်တွေနောက်ကို အလွယ်တကူ ယုံမှတ်လို့ ပုံအပ်ပြီး ရင်းနှီးမြှုပ်နှံမှုတွေ လွယ်လွယ်လုပ်ကြတာထက် သေချာစွာ လေ့လာစုံစမ်းမေးမြန်းပြီးမှ မိမိတို့ အနာဂတ်ကို မိမိတို့ စိတ်တိုင်းကျ ရွေးချယ် ပုံဖော်သင့်ပါတယ်။

တီချယ်တို့ရဲ့ "ဟင်္သာအလင်း" သူနာပြုအကူနှင့်ဆေးဝါးကျွမ်းကျင်အကူသင်တန်းကျောင်းကြီးဟာ စတင်တည်ထောင်စဥ်ကတည်းက သားတို့သမီးတို့ လူငယ်လူရွယ်တွေအတွက် ပညာလေ့လာဆည်းပူးရာ၊ ပညာဖြန့်ဝေရာ နေရာတခုဖြစ်ဖို့၊ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးဖို့နဲ့ သားတို့သမီးတို့မှ တဆင့်ပြည်သူလူထုကို အခြေခံကျန်းမာရေးအသိပညာများ ဖြန့်ဝေပေးနိုင်ဖို့ ဆိုပြီး ရည်ရွယ်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

ထိုရည်ရွယ်ချက်များကို ယနေ့တိုင် မမှိတ်မသုန် ဆောင်ရွက်လျှက်ရှိပြီး နည်းပညာခေတ်မှာ လူငယ်လူရွယ်တိုင်း တတ်ထားသင့်တဲ့ #ကွန်ပျူတာသင်တန်း ကို ငွေကြေးများစွာ အကုန်အကျခံပြီး အခမဲ့ပညာဒါနအဖြစ် ဘယ်သင်တန်းကျောင်းမှ မသင်ပေးတာကို တီချယ်တို့ကျောင်းက သင်ကြားပေးနေတာကို ကြည့်ခြင်းဖြင့်ပင် သိမြင်နိုင်ပါတယ်။

သူနာပြုစုမှု ပညာရပ်များဟာ Professional တခုအနေနဲ့ ဂုဏ်သိက္ခာရှိစွာ ခိုင်မာစွာရပ်တည်နေတဲ့ပညာရပ်တခုသလို သူနာပြုများသာ ကျွမ်းကျင်စွာ တတ်မြောက်ကြတဲ့ ပညာရပ်တခုဖြစ်တာကြောင့် သူနာပြုစုမှုပညာရပ်များတွင် ကျွမ်းကျင်ပညာရှင်များဖြစ်ကြသော ဝါရင့်အတွေ့အကြုံရှိသူနာပြုဆရာမကြီးများ၊ အငြိမ်းစားသူနာပြုဆရာမကြီးများဖြင့် စာတွေ့၊ လက်တွေ့ သင်ထောက်ကူ ပစ္စည်းစုံလင်စွာဖြင့် စနစ်တကျသင်ကြားပြသပေးလျှက် ရှိပါတယ်။

သင်တန်းကျောင်းကြီးတွင် သင်ထောက်ကူပစ္စည်းစုံလင်စွာဖြင့် စာတွေ့၊လက်တွေ့ သင်ကြားပြီးတဲ့အခါ ဟင်္သာတမြို့ရဲ့ အအောင်မြင်ဆုံးနှင့် အဆင့်မြင့်ဆုံးသော ဆေးရုံကြီးများဖြစ်သည့် #မြင့်မြတ်အထူးကုဆေးရုံကြီး #ဆာကူရာအထူးကုဆေးရုံကြီး နှင့် #ရွှေလမင်းအထူးကုဆေးရုံကြီး စသော အထူးကုဆေးရုံကြီးများအားလုံး တို့အပြင် အဆင့်မြင့်အထူးကုဆေးခန်းကြီးများ ဖြစ်သော #အောင်ပါရဂူအထူးကုဆေးခန်းကြီး ၊#မေတ္တာရှင်အထူးကုဆေးခန်းကြီး #ထက်ထက်အထူးကုဆေးခန်းကြီး နှင့် #ဘဝအလင်းရောင်ကုသိုလ်ဖြစ်အခမဲ့ဆေးခန်းကြီး စသော ဆေးခန်းများအပြင် သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ခြင်းပညာရပ်များအား #ဟင်္သာတဘိုးဘွားရိပ်သာကြီး တွင် ဆရာမများ၏ အနီးကပ်ကြီးကြပ်မှုများနှင့်အတူ လက်တွေ့ စေခြင်းစသော နေရာအထူးစုံလင်စွာဖြင့် အမှန်တကယ် လက်တွေ့လေ့လာသင်ယူခွင့်ရသော တခုတည်းသောသင်တန်းကျောင်းကြီး ဖြစ်ပါတယ်။

အလုပ်အကိုင်ရရှိမှု အနေဖြင့်လည်း ရန်ကုန်မြို့ရှိ အထူးကုဆေးရုံကြီးများ၊ ဆေးခန်းကြီးများတွင် အလုပ်အကိုင် ရရှိနေကြရုံ သာမက ဟင်္သာတမြို့ရှိ​ ဆေးရုံကြီးများနှင့်အထူးကုဆေးခန်းကြီးများတွင် လစဥ်အလုပ်အကိုင် (၂၀)ကျော် အမြဲချိတ်ဆက်ပေးနေပြီး အလုပ်အကိုင်အများဆုံးချိတ်ဆက်ပေးထားနိုင်သော သင်တန်းကျောင်းကြီး ဖြစ်တာကို အပြောမဟုတ် လက်တွေ့လေ့လာ သိရှိနိုင်ပါတယ်။

နိဂုံးချုပ်ရရင် သားတို့သမီးတို့ရဲ့ ရွေးချယ်မှုတွေဟာ သားတို့သမီးတို့ရဲ့ အနာဂတ်ပဲ ဖြစ်တာမို့ တန်ဖိုးရှိလှတဲ့ မိမိတို့ရဲ့ အချိန်တွေ၊ငွေကြေးတွေကို စနစ်တကျ မှန်မှန်ကန်ကန် ရွေးချယ်ကြစို့...သေချာလေ့လာစုံစမ်းပြီး အကောင်းဆုံးသော အရာတွေကို ရွေးချယ်မိကြဖို့ တိုက်တွန်းပါရစေ...

တီချယ်တို့ "ဟင်္သာအလင်း" သင်တန်းကျောင်းကြီး အနေနဲ့ကတော့ အပြောမဟုတ် အလုပ်နဲ့ သက်သေအကြိမ်ကြိမ်ပြခဲ့ပြီး (၂)ခါပြန်စဥ်းစားစရာမလိုတဲ့ သင်တန်းကျောင်းကြီးဖြစ်တယ်ဆိုတာ (၄)နှစ်တာကာလ ဆောင်ရွက်မှုတွေက သက်သေပါဘဲ။

🙏🙏သားတို့သမီးတို့ရဲ့ ဖြောင့်ဖြူးသာယာသော အနာဂတ်အတွက် ရွေးချယ်မှု မှန်ကန်ကြပါစေ🙏🙏

#(၈)လပိုင်း (၂၁) ရက်နေ့တွင် တန်းခွဲသစ် ထပ်မံဖွင့်လှစ်ပေးဦးမည် ဖြစ်ပြီး ယခုရက်ထဲကျောင်းအပ်လက်ခံပေးနေပြီဖြစ်ပါတယ်။

ပထမဆုံးအပ်နှံသူ (၁၀) ဦးကို (၅၀၀၀၀) ကျပ်တိတိ Discount ပေးဦးမှာဖြစ်လို့အမြန်ဆုံးလာရောက်အပ်နှံထားရန်လိုအပ်ပါမယ်ရှင့်။

ပထမဆုံးအပ်နှံသူ(၁၀)ဦးအနေဖြင့်💰💰 ပုံမှန်သင်တန်းကြေး - (၃၉၀၀၀၀) အစား (၅)သောင်းကျပ်တိတိ Discount ရရှိမှာဖြစ်လို့ အပြီးအစီး (၃၄၀၀၀၀)ကျပ်သာ ကျသင့်မှာဖြစ်ပါတယ်ရှင့်....

ဒါ့အပြင် .....ယခုတန်းခွဲတွင် တက်ရောက်သူများကို

- ယူနီဖောင်းလုံချည်နီညို ( ၁ထည်) /ပုဆိုး (၁)ထည်

- ဟင်္သာအလင်းတံဆိပ်ပါအိတ်

- ဗလာစာအုပ်+ မှင်နီ/ပြာ

- သင်ရိုးစာအုပ် + စာရွက်စာတမ်း အပြည့်အစုံ

- အသုံးချကွန်ပျူတာ (ပညာဒါနအခမဲ့) စသည်တို့ အခမဲ့ရရှိမှာ ဖြစ်ပါတယ်။

#လူပြည့်တာမြန်လို့အမြန်ဆုံးလာရောက်အပ်နှံထားရန်လိုအပ်ပါမယ်ရှင့်. . .

👩‍⚕️👩‍⚕️#သူနာပြုအကူသင်တန်း

🏩🏩သင်တန်းကာလ - စာတွေ့+လက်တွေ့ စုစုပေါင်း(၃)လ

👩‍⚕️👩‍⚕️သူနာပြု အကူသင်တန်းကို ဘယ်သူတွေ တက်ရောက်သင့်သလဲ ?👩‍⚕️👩‍⚕️👩‍⚕️

• ကျန်းမာရေးဗဟုသုတကို စိတ်ပါဝင်စားသူများ

• ကျန်းမာရေးနှင့် ပတ်သက်၍ အသက်မွေးဝမ်းကြောင်း ပြုလိုသူများ

• မိမိတို့၏ မိသားစုများ ဆွေမျိုးများကို ပြုစုစောင့်ရှောက်ပေးလိုသူများအတွက် တက်ရောက်ရန် အလွန် သင့်တော်သော သင်တန်းတစ်ခု ဖြစ်ပါသည်။

🚑🚑🚑🚑🚑 🚑🚑🚑🚑🚑🚑🚑🚑

🔺 သူနာပြု အကူသင်တန်းတွင်

၁။ အခြေခံ သူနာပြုစုနည်းများ

၂။ သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်နည်းများ

၃။ကိုယ်ဝန်ဆောင်နှင့် မွေးကင်းစမှ စ၍ ကလေးသူငယ် ပြုစုစောင့်ရှောက်နည်းများ

၄။ လူနာရွှေ့ပြောင်းနည်း၊ အိပ်ယာခင်းလဲလှယ်နည်း၊ ရေပတ်တိုက်နည်းများ။

၅။ အနာဆေးကြောသန့်စင်နည်း၊ ဆေးထည့်နည်း၊ ပတ်တီးစည်းနည်းများ။

၆။ နှာခေါင်းပိုက်ထည့်နည်း၊ နှာခေါင်းပိုက်မှ အစာထည့်နည်း၊ စုပ်ယူနည်းများ။

၇။ ကျား/မ ဆီးပိုက်ထည့်နည်းများ နှင့် ဆီးအိတ် လဲလှယ်နည်းများ။

၈။ ECG ဆွဲနည်း၊ Suction စက်များဖြင့် ချွဲ၊ သလိပ်၊ အညစ်အကြေးများစုပ်နည်း၊ ပြန်လည်သန့်ရှင်းရေးပြုလုပ်နည်းများ။

၉။ Nebulizer များအသုံးပြုပုံ နှင့် ဆေးများအကြောင်း

၁ဝ။ Oxygen အိုးများ အသုံးပြုပုံ / သွေးတွင်းအောက်စီဂျင်ပမာဏ တိုင်းတာခြင်းနည်းများ နှင့် လိုအပ်ပါက စနစ်တကျ အောက်ဆီဂျင်ပေးတတ်စေရန် သင်ကြားပေးခြင်း။

၁၁။ ဆီးချို၊ သွေးချို ရောဂါ အကြောင်း၊ ဆောင်ရန် ရှောင်ရန် နှင့် ရှိမရှိ စမ်းသပ်နည်းများ။

၁၄။ Drip ပုလင်းများ အကြောင်းနှင့် ချိတ်နည်းများ

၁၅။ ဆေးရုံ၊ ဆေးခန်းသုံး ခွဲစိတ်ခန်းသုံးပစ္စည်းများအကြောင်း နှင့် အသုံးပြုကိုင်တွယ်ပုံများ

၁၆။ သွေးပေါင်ချိန်ခြင်း၊ သွေးခုန်နှုန်း၊ နှလုံးခုန်နှုန်းစမ်းခြင်း၊ အပူချိန်တိုင်းခြင်း နှင့် သာမိုမီတာ အသုံးပြုပုံများ

၁၇။ ဖြစ်လေ့ဖြစ်ထရှိသော ရောဂါများအကြောင်းနှင့် ဆောင်ရန်ရှောင်ရန် သတိထားရမည့်အချက်များ

၁၈။ လူတိုင်းတွင် မရှိမဖြစ်လိုအပ်သော အစာအာဟာရဓာတ်များ အကြောင်း

၁၉။ နေ့စဥ်သောက်သုံးနေရသော ဆေးများအကြောင်း အခြေခံ နှင့် ဆရာဝန်များ ညွှန်ကြားသော ဆေးပညာသုံး သင်္ကေတများအကြောင်း

၂၀။ ရှေးဦးပြုစုခြင်း အခြေခံသဘောတရားများ

၂၁။ ဆေးရုံဆေးခန်းတွေများတွင် မရှိမဖြစ် အသုံးဝင်သော စနစ်တကျပိုးသတ်ခြင်း နည်းလမ်းများ စသည်တို့ကို ဝါရင့်အတွေ့အကြုံရှိသူနာပြုဆရာမကြီးများမှ သင်ထောက်ကူပစ္စည်းများ အထူးစုံလင်စွာဖြင့် စာတွေ့ (၂)လတိတိ စနစ်တကျ သင်ကြားပေးနေခြင်း ဖြစ်သလို

လက်တွေ့ အလုပ်သင်(၁)လ ကိုလည်း

#ဟင်္သာတမြို့ကြီး တွင် အအောင်မြင်ဆုံးနှင့်အဆင့်မြင့်ဆုံးသောဆေးရုံကြီးများဖြစ်သည့်

#မြင့်မြတ်အထူးကုဆေးရုံကြီး

#ဆာကူရာအထူးကုဆေးရုံကြီး

#ရွှေလမင်းအထူးကုဆေးရုံကြီး တို့အပြင်

👉အဆင့်မြင့်အထူးကုဆေးခန်းကြီးများဖြစ်သော

#မေတ္တာရှင်အထူးကုဆေးခန်းကြီး

#ထက်ထက်အထူးကုဆေးခန်းကြီး

#အောင်ပါရဂူအထူးကုဆေးခန်းကြီး စသည့် ဟင်္သာတမြို့ရှိအထူးကုဆေးရုံကြီးများ၊ဆေးခန်းကြီးများအားလုံး အပြင်

#ဟင်္သာတဘိုးဘွားရိပ်သာကြီး တို့တွင် လက်တွေ့လေ့လာသင်ယူခွင့် ရရှိသော တခုတည်းသော သင်တန်းကျောင်း ဖြစ်ပါတယ်ရှင့်. . . .

အထူးအခွင့်အရေးအနေဖြင့် သူနာပြုအကူ တက်ရောက်သူတိုင်းကို #ကွန်ပျူတာအခြေခံ အား လက်မှတ်နှင့်တကွ #ပညာဒါနအခမဲ့ အဖြစ် သင်ကြားခွင့်ရရှိနေသော တခုတည်းသော သင်တန်းကျောင်းကြီးပဲ ဖြစ်ပါတယ်ရှင့်. . . .

((သင်တန်းပြီးဆုံးပါကလည်း ပြည်တွင်း၊ပြည်ပအလုပ်အကိုင်များကို အခမဲ့ကူညီချိတ်ဆက်ပေးလျှက်ရှိပြီး လစဥ် အလုပ်အကိုင် (၂၀) ဝန်းကျင်ချိတ်ဆက်ပေးထားနိုင်သော တခုတည်းသော သင်တန်းကျောင်းကြီးဖြစ်ပါတယ်ရှင့်.....))

#လူကိုယ်တိုင်မလာရောက်နိုင်သေးပါကOnlineမှတဆင့်လည်းအပ်နှံနိုင်ပါတယ်ရှင့်. . .

#လစဥ်တန်းခွဲသစ်များဖွင့်လှစ်ပေးနေပြီးအဆင်ပြေတဲ့အချိန်တက်လို့ရပါတယ်ရှင့်

🗽🗽🗽🗽🗽🗽🗽🗽🗽🗽🗽🗽🗽🗽🗽🗽

❤️❤️ဟင်္သာအလင်း သူနာပြုအကူနှင့်ဆေးဝါးကျွမ်းကျင်သင်တန်းကျောင်းကြီး❤️❤️

ရုံးချုပ် - အမှတ်(၄၄၀)၊ သီရိ(၂)လမ်း၊ပိတောက်လမ်းအနီး ၊ မြဝတီရပ်ကွက်၊ ဟင်္သာတမြို့။

📞📞ဆက်သွယ်စုံစမ်းရန် - 09751440144 / 09266200144📞📞

❤️❤️အခြားသောကျောင်းခွဲများမှာ❤️❤️

👉👉အိုင်သပြုကျောင်းခွဲ👈👈

🏩🏩 စျေးကျောင်းလမ်း၊ အိုင်သပြုတောင်ကျောင်းရှေ့၊စျေးရပ်ကွက်၊ အိုင်သပြုမြို့၊ လေးမျက်နှာမြို့နယ်၊ဧရာဝတီတိုင်း။🏩🏩

📞📞ဆက်သွယ်စုံစမ်းရန်ရုံးဖုန်း - 09768013233 / 09 445279490 📞📞

👉👉မြန်အောင်ကျောင်းခွဲ👈👈

🏩🏩 ​​ဇေယျသာရီဘုရားလမ်းနှင့် ကျောင်းကြီးလမ်ထောင့်၊ အမှတ်(၆)ရပ်ကွက်၊ မြန်အောင်မြို့၊ ဧရာဝတီတိုင်း။🏩🏩

📞📞ဆက်သွယ်စုံစမ်းရန်ရုံးဖုန်း - 09883 222 522 / 09 943 222 522📞📞

 
 
 

Recent Posts

See All
Hinthar A Linn-Nurse Aid And Pharmacist Aid Training School

မင်္ဂလာပါ...... ခေတ်မီဆေးပညာတွေ ထွန်းကားနေတဲ့ ယနေ့ခေတ်ကာလမှာ ကျန်းမာရေးပညာဗဟုသုတရှိသော မိသားစုဝင်တစ်ဦး သင်တို့ အိမ်မှာရှိနေခြင်းဟာ...

 
 
 
မင်္ဂလာပါရှင့်

#၈လပိုင်း(၂၁)ရက်နေ့တန်းခွဲသစ် #ယခုရက်ထဲ #ကျောင်းအပ်လက်ခံပေးနေပါပြီ.... #အကောင်းဆုံးသောရွေးချယ်မှုအတွက် #ဟင်္သာအလင်းသင်တန်းကျောင်းကြီး...

 
 
 

Comments


Follow

  • facebook

Contact

09751440144

Address

No(1336),University Road,Myawady Ward,Hinthada,Ayeyarwady Division,Myanmar.

©2019 by Hinthar A Linn. Proudly created with Wix.com

bottom of page